တူးပို့✍



ပိတောက်တွေ ပွင့်ပြီ အမေ
ပန်နေကျဆံထုံးလေးတော့ လွမ်းတာပေါ့

သခင် မဖြစ်ရင်နေ
အရင်ခေတ်တော့ ပြန်မသွားချင်ဘူး။

ရေသေနတ်နဲ့ သပြေခက်အစား
(နိုင်ငံ) ကြေညက်အောင် အသေသတ်နေကြပြီ

အထိအရှ မြားမြောင်တဲ့နှစ်မို့
ပွဲဖြစ်ဖြစ် မဖြစ်ဖြစ်
သင်္ကြန်နဲ့ ခပ်စိမ်းစိမ်း နေပစ်မှာပါ။

                                ဆန်းကျော်စွာဝင်း

Comments

  1. ရေသေနတ်နဲ့ သပြေခက် အစား
    နိုင်ငံကြေညက်အောင် အသေသက်နေကြပြီ😒😢😡

    ReplyDelete

Post a Comment

Popular posts from this blog

အငြိုး