အငြိုး

 ကံကြွေးရှိလို့ ကုန်အောင်ဆပ်ရတယ်

သဘောထားပါတယ်...


သူနိုင်တယ်ဆိုလည်း ပျော်ပါစေ

ကိုယ်ရှုံးတယ်ဆိုလည်း ပြီးပါစေ


အငြိုးကို သံသရာထိ သယ်မသွားချင်ဘူး ။


" လူသတ်သမားတွေဟာ

 အခင်းဖြစ်နေရာကို တစ်ခေါက်တော့

 ပြန်လာတတ်ကြတယ် " တဲ့


ကိုယ်ဘယ်လောက်ပြိုလဲပြီး

ကိုယ်ဘယ်လိုတည်ဆောက်ခဲ့ရလဲ

မင်းကို မသိစေချင်ဘူး...


အကောင်းတိုင်းဖြစ်နေတာမြင်ရင်

စာနာတာလိုလို စောက်ပိုလိုလိုနဲ့

" အဆင်ပြေရဲ့လား " မေးမယ် မဟုတ်လား


အဆင်ပြေလားမေးမှ အဆင်မပြေအောင်

ပြိုလဲမယ့်သူဟာ ကိုယ်ပါ...


ပြန်တည်ဆောက်လိုက်

လာဖြိုချလိုက်နဲ့ ဘဝကြီးလည်း မလိုချင်တော့


အငြိုးကို သံသရာထိ သယ်မသွားချင်ဘူး ။


#ဆန်းကျော်စွာဝင်း

Comments

Popular posts from this blog

တူးပို့✍