Posts

အငြိုး

 ကံကြွေးရှိလို့ ကုန်အောင်ဆပ်ရတယ် သဘောထားပါတယ်... သူနိုင်တယ်ဆိုလည်း ပျော်ပါစေ ကိုယ်ရှုံးတယ်ဆိုလည်း ပြီးပါစေ အငြိုးကို သံသရာထိ သယ်မသွားချင်ဘူး ။ " လူသတ်သမားတွေဟာ  အခင်းဖြစ်နေရာကို တစ်ခေါက်တော့  ပြန်လာတတ်ကြတယ် " တဲ့ ကိုယ်ဘယ်လောက်ပြိုလဲပြီး ကိုယ်ဘယ်လိုတည်ဆောက်ခဲ့ရလဲ မင်းကို မသိစေချင်ဘူး... အကောင်းတိုင်းဖြစ်နေတာမြင်ရင် စာနာတာလိုလို စောက်ပိုလိုလိုနဲ့ " အဆင်ပြေရဲ့လား " မေးမယ် မဟုတ်လား အဆင်ပြေလားမေးမှ အဆင်မပြေအောင် ပြိုလဲမယ့်သူဟာ ကိုယ်ပါ... ပြန်တည်ဆောက်လိုက် လာဖြိုချလိုက်နဲ့ ဘဝကြီးလည်း မလိုချင်တော့ အငြိုးကို သံသရာထိ သယ်မသွားချင်ဘူး ။ #ဆန်းကျော်စွာဝင်း

တူးပို့✍

ပိတောက်တွေ ပွင့်ပြီ အမေ ပန်နေကျဆံထုံးလေးတော့ လွမ်းတာပေါ့ သခင် မဖြစ်ရင်နေ အရင်ခေတ်တော့ ပြန်မသွားချင်ဘူး။ ရေသေနတ်နဲ့ သပြေခက်အစား (နိုင်ငံ) ကြေညက်အောင် အသေသတ်နေကြပြီ အထိအရှ မြားမြောင်တဲ့နှစ်မို့ ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် သင်္ကြန်နဲ့ ခပ်စိမ်းစိမ်း နေပစ်မှာပါ။                                 ဆန်းကျော်စွာဝင်း