အငြိုး
ကံကြွေးရှိလို့ ကုန်အောင်ဆပ်ရတယ် သဘောထားပါတယ်... သူနိုင်တယ်ဆိုလည်း ပျော်ပါစေ ကိုယ်ရှုံးတယ်ဆိုလည်း ပြီးပါစေ အငြိုးကို သံသရာထိ သယ်မသွားချင်ဘူး ။ " လူသတ်သမားတွေဟာ အခင်းဖြစ်နေရာကို တစ်ခေါက်တော့ ပြန်လာတတ်ကြတယ် " တဲ့ ကိုယ်ဘယ်လောက်ပြိုလဲပြီး ကိုယ်ဘယ်လိုတည်ဆောက်ခဲ့ရလဲ မင်းကို မသိစေချင်ဘူး... အကောင်းတိုင်းဖြစ်နေတာမြင်ရင် စာနာတာလိုလို စောက်ပိုလိုလိုနဲ့ " အဆင်ပြေရဲ့လား " မေးမယ် မဟုတ်လား အဆင်ပြေလားမေးမှ အဆင်မပြေအောင် ပြိုလဲမယ့်သူဟာ ကိုယ်ပါ... ပြန်တည်ဆောက်လိုက် လာဖြိုချလိုက်နဲ့ ဘဝကြီးလည်း မလိုချင်တော့ အငြိုးကို သံသရာထိ သယ်မသွားချင်ဘူး ။ #ဆန်းကျော်စွာဝင်း